19
Nov

သင့်လုပ်ငန်းအတွက် Websites ရှိနေပြီလား?

မြန်မာနိုင်ငံမှာ အများစုသောလုပ်ငန်းတွေက Website တွေမရှိကြပါဘူး ဒါ့အပြင် လိုအပ်တယ်လို့လဲမထင်ကြပါဘူး။ ဒါဟာ တကယ်တော့ မှားယွင်းတဲ့အယူအဆလို့ပြောနိုင်ပါတယ်။ လက်ရှိ ခေတ်ကာလအခြေနေအရ Digital ခေတ်ရောက်နေပြီဖြစ်သလို လူတိုင်းက အင်တာနက်သုံးနေကြပြီဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းက အရင်လိုမဟုတ်ပဲ ပစ္စည်းဝယ်စရာရှိရင် ဖြစ်ဖြစ် ပစ္စည်းအကြောင်းစုံစမ်းချင်ရင်ဖြစ်ဖြစ် Internet ကိုအားကိုးကြပါတယ် ။ ဒါ့အပြင် Digital Marketing တွေခေတ်စားလာပြီး တွင်တွင်ကျယ်ကျယ် အသုံးချနေနိုင်တဲ့အချိန်မှာ မိမိကုန်ပစ္စည်း ၊လုပ်ငန်းကို Branding လုပ်ဖို့နဲ့ Marketing ဆင်းဖို့အတွက် Website တွေက အရေးကြီးတဲ့နေရာမှာရှိပါတယ်။ နောက်ပြီး လုပ်ငန်းရှင်အများစုထင်ကြသလို Social Media Marketing ရှိနေရင် Website တွေ မလိုဘူးဆိုတာကလည်း မှားယွင်းနေပါတယ်။

Social Media က လက်ရှိမှာ Marketing အတွက်အရေးပါသလို မိမိကုန်ပစ္စည်း၊လုပ်ငန်း အကြောင်းကို အသေးစိတ်ရှင်းလင်းပြသနိုင်ဖို့ ကုန်ပစ္စည်းတစ်မျိုးချင်းစီကို ရှင်းလင်းပြသနိုင်ဖို့ Websiteတွေက ပိုအသုံးဝင်ပါတယ်။ Digital Marketing scope ထဲမှာ Websites ကလဲ အရေးကြီးဆုံး အနေထားမှာရှိပါတယ်။ ပြောရရင် Social Media Marketing နဲ့ Websites နှစ်ခုလုံး ထောက်တိုင်တွေလိုပဲ အရေးကြီးကြပါတယ်။

လက်ရှိ စစ်တမ်းတွေအရ လူအများစုက Websites တွေကို ကြည့်ရှုနှုန်းမြင့်တက်လာသလို Websiteတွေကနေ တဆင့် ပစ္စည်းမှာယူမှုတွေကလည်း နှစ်စဉ်ကို တိုးတက်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း အရင်ကထက် Website အသုံးပြုနှုန်း မြင့်တက်လာသလို Shopping sites တွေရဲ့ ရောင်းအားက အရင်နှစ်တွေကထက် ဝယ်လိုအားနဲ့ ကြည့်ရှုနှုန်း ပိုမိုမြင့်တက်လာကြပါတယ် ။ ဒီလောက်ဆို မိတ်ဆွေတို့အနေနဲ့ မိမိစီးပွားရေးလုပ်ငန်းအတွက် Websites တွေ ဘာကြောင့်လိုအပ်လဲဆိုတာကို သိလောက်ပြီထင်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ လုပ်ငန်းအတွက် တကယ်အသုံးဝင်မယ့် Website တွေ ပြုလုပ်ချင်တယ်ဆိုရင်တော့ ……

Building 2 , Room 302 , Kyi Daw Housing ,Mingalar Taung Nyunt Tsp / Yangon

09 254 062 180 / 09799579761